Tuesday, September 21, 2010

ဆိုင်မှာ gtalk သုံးရင် password ကျန်ခဲ့လို

အင်တာနက်ဆိုင်တွေမှာ G-talk (ဂျီတော့ခ်) သုံးသွားတဲ့သူတွေ ကိုယ်သုံးသွားတဲ့စက်မှာ အကောင့်ရဲ့ ပတ်စ်ဝေါ့ဒ် (password) တွေ ကျန်ခဲ့လို့ နောက်ထပ်သုံးတဲ့ သူကတွေ့ပြီး password ချိန်းသွားတာတွေ ခဏခဏ ဖြစ်နေတယ်လို့ အင်တာနက် သုံးတဲ့သူတွေထံမှ သိရပါတယ်။ တချို့ဆိုင်တွေမှာ တမင်သက်သက် အကောင့်ရဲ့ password တွေကို ကျန်ခဲ့အောင် software တွေနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။ 
ကိုယ်သုံး ပြီးတော့ password တွေ မကျန်ခဲ့အောင် g-talk ဖွင့်ဖွင့်ချင်းမှာ remember password နေရာမှာ အမှန်ခြစ်လေးရှိ မရှိကို စစ်ဆေးပြီးမှ အကောင့် ဝင်သင့်တယ်။ Remember password နေရာမှာ အမှန်ခြစ်လေး ရှိနေရင် ဖျက်ပြီးမှ ကိုယ့်အကောင့်ကို သုံးသင့်တယ်။ အကောင့် ပြန်ထွက်မယ် ဆိုရင်လည်း ကိုယ့် password မကျန်ခဲ့အောင် အကောင့်ကို ပြန်စစ်သင့်တယ်လို့ သိရပါတယ်။ အင်တာနက်ဆိုင်တွေမှာ password ကျန်ခဲ့အောင်လုပ်တဲ့ ဆော့ဖ်ဝဲရှိ မရှိကို control panel ထဲဝင်ပြီး add or remove programs မှာ Balzing Tools Perfect Keylogger ဆိုတဲ့ software ရှိမရှိကို ဝင်ကြည့်သင့်တယ်။ ဆိုင်က လုပ်ထားရင်တော့ ကိုယ့် account password ကို ကာကွယ်လို့ မရဘူးလို့ သိရပါတယ်။ 

ဒါကြောင့် ကိုယ်နဲ့သိတဲ့ ရင်းနှီးပြီး ယုံကြည်ရတဲ့ ဆိုင်တွေမှာပဲ ထိုင်သင့်တယ်လို့ ဆော့ဖ်ဝဲဆရာတစ်ဦးက ပြောပါတယ်။ နောက်ပြီးတော့ တချို့ဆိုင်တွေမှာ ကိုယ်သုံးနေတဲ့ စက်ထဲကနေပြီးတော့ တခြားစက်မှာ သူများတွေ ဘာလုပ်နေတယ်ဆိုတာ ကြည့်လို့ရတဲ့ ဆော့ဖ်ဝဲကိုတင်ထားတာ တွေလည်း ရှိပါတယ်။ အဲဒီဆော့ဖ်ဝဲ ကိုယ်ထိုင်တဲ့ဆိုင်မှာ ရှိမရှိ ဆိုတာကို control panel ကနေဝင်ပြီး add or remove programs မှာ VNC viewer, logmein ဆိုတဲ့ ဆော့ဖ်ဝဲ ရှိမရှိ ဝင်ကြည့်လို့ ရတယ်။ အဲလို ဆော့ဖ်ဝဲတွေ တင်ထားတဲ့ဆိုင်တွေမှာ သုံးစွဲမှုကို အထူးသဖြင့် ရှောင်သင့်တယ်လို့ ဆော့ဖ်ဝဲဆရာတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ်

No comments: