Friday, October 1, 2010

BlackJack ခေါ်တဲ့ USB Thumb Drive

Harris Corporation က မိမိအလိုရှိရာ ကွန်ပျူတာထဲမှ Document Data တွေကို အလျင်အမြန် ဆွဲထုတ်ယူနိုင်တဲ့ BlackJack လို့ အမည်ပေးထားတဲ့ USB thumb drive တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ Military, intelligence, and law enforcement cyber security missions တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ BlackJack က Boot တက်ချိန် သုံးစက္ကန့်သာ ကြာမြင့်ပြီး Target Computer ထဲက အရေးကြီးတဲ့ Data တွေကို
အလွန်လျင်မြန်စွာ scan ဖတ်ကာ Copy ကူးယူနိုင်သည့်အပြင် ၄င်းတွင် LED indicator လေးတစ်ခုပါဝင်ပြီး လုပ်ငန်းပြီးစီး၍ ဖြစ်စေ၊ targeted data တွေကို ထုတ်ယူနိုင်ခြင်း မရှိသည့်အခါတွင်ဖြစ်စေ စသည်တို့အတွက် အချက်ပေးမှုပါဝင်သည်။ ဒီထက်ကောင်းတာကတော့ မည်သည့် နောက်ခံခြေရာမှ ကျန်ခဲ့မှာမဟုတ်ပါဘူးတဲ့... ပြင်ပကိုရောင်းမယ် မရောင်းဘူးဆိုတာတော့ မသိပါဘူး။ သူတို့ ထုတ်ထားတာကတော့ U.S. Government Cyber Security အတွက်ပဲလို့ သိရပါတယ်။ worldwidemyanmar

No comments: